ဆံသားတွေကြမ်းပြီး ခြောက်သွေ့ခဲ့မယ်ဆိုရင်
01-Mar-2017
ဆံပင်သားတွေ ခြောက်သွေ့ပြီး ကြမ်းတမ်းတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် အဲဒီအချိန်မှာဆံပင်ကို ပုံသွင်းဖို့အတွက် hair spray စတာတွေ အသုံးပြုတာမျိုး မလုပ်သင့်ပါဘူး။ သံလွင်ဆီ အနည်းငယ်လောက်ကို ဆံပင်မှာ လိမ်းထားပေးမယ်ဆိုရင် ဆံပင်ခြောက်သွေ့တာကို သက်သာနိုင်ပါလိမ့်မယ်။ ဒီလို လိမ်းတဲ့အခါမှာလည်း ဆံပင်ကို သံလွင်ဆီနှင့်နှံ ့အောင် သုတ်လိမ်းပေးပြီးရင် ဦးခေါင်းစွပ် စွပ်ထားပေးရပါမယ်။ အဲဒီအပေါ်ကမှ ရေနွေးစိမ်ထားတဲ့ မျက်နှာသုတ်ပဝါနဲ့ ထပ်မံပတ်ပေးရပါလိမ့်မယ်။ ဒီလိုမျိုး ပြုလုပ်ပေးရင် ဆံပင်ကို ပေါင်းတင်ပေးထားသလိုဖြစ်ပြီး ကြမ်းတမ်းပျက်စီးတာကို လျော့နည်းလာစေနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး နာရီဝက်လောက်ထားပြီးမှ ခေါင်းလျှော်ပေးဖို့ လိုပါတယ်။ ခေါင်းလျှော်ပြီးတဲ့နောက် conditioner အသုံးပြုခဲ့မယ်ဆိုရင်လည်း ပြီးတဲ့အခါ ရေနဲ့ကုန်စင်အောင် ဆေးကြောပစ်ဖို့ အထူးအရေးကြီးပါတယ်။
မိမိကိုယ်တိုင် ပြုလုပ်ထားတဲ့ conditioner နဲ့ အသုံးပြုလိုပါကလည်း အလွယ်တကူပြုလုပ်ပေးနိုင်ပါသေးတယ်။ ဗီနီဂါရည်၊ ဂလစ်ဆရင်၊ ဗာဒံဆီ၊ ကြက်ဆူဆီတို့ကို အနည်းငယ် ဆတူရောပြီး conditioner အနေနဲ့ သုံးမယ်ဆိုရင် ဆံပင်သားကို ပြန်လည်နူးည့ံလာစေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကြက်ဆူဆီနဲ့ အုန်းဆီကိုရောပြီး အပူပေးကာ အိပ်ရာမဝင်ခင် ဦးရေပြားကို လိမ်းပြီး နှိပ်နယ်ပေးခဲ့မယ်ဆိုရင်လည်း ဆံပင်သား အခြေအနေကို ပြန်လည်ကောင်းမွန်လာစေပါလိမ့်မယ်။ ဒီလိုမျိုး တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဆံပင်သား အရောင် တောက်ပြောင်စေဖို့ အတွက်ကတော့ ဗီနီဂါရည်က အစွမ်းထက်ဆုံးပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဗီနီဂါရည်နှင့် ဆံပင်ကို ထပ်မံဆေးကြာပေးမယ်ဆိုရင် ဆံပင်အရောင် ပြောင်းပေးမယ်ဆိုရင် ဆံပင်အရောင် ပြောင်လက်လာစေပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဧကရီ
Health for all magazine, August 2015, Pg. 33
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
